ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် ဧရာမင်း မျိုးသန့်စပါး (Fs -RS) မျိုးအဆင့် စိုက်ပျိုး

ကလေး ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု ချင်းဆိုင်ကျေးရွာတွင် SRI စိုက်နည်းစနစ်ဖြင့် ဧရာမင်း မျိုးသန့်စပါး (Fs -RS) မျိုးအဆင့် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က တောင်သူဦးမောင်တင့်၏ လယ်မြေ အတွင်းတွင်စိုက်ပျိုးကြသည်။

အဆိုပါ စိုက်ပျိုးကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းဦးနှင့် ဝန်ထမ်း များက စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ ပျိုးထောင်ရာတွင် သိရှိရမည့်အချက်များ၊ မျိုးထုတ်ကွက်စိုက်ပျိုးခြင်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ထန်းဖုန် (ပြန်/ဆက်)