ဘိုကလေးမြို့နယ်တွင် စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်

ဘိုကလေး၊ စက်တင်ဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံတောင်သူများ ငါးရိက္ခာ ဖူလုံစေရေးကို ရည်ရွယ်၍  (၂၀၂၀-၂၁)ခုနှစ်အတွက် စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ယမန်နေ့ နေ့လယ် (၂)နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားကို ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာ၌ပြုလုပ်ပြီး ဒေသခံတောင်သူ (၄၆)ဦး၏ ဧက(၃၀၀)စံပြ စပါးစိုက်ခင်းအတွင်းသို့ ငါးခုံးမကြီးသားပေါက်အကောင်ရေ (၁၅၀၀၀၀)အား စိုက်ထည့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များ၊ ဒေသခံငါးမွေးတောင်သူများတက်ရောက်ကြကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)