ဟင်္သာတမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်

ဟင်္သာတ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ​ရေပြင်သက်ကယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ဟင်္သာတမြို့ လက်သမားရပ် တာကြီးတန်း ဧရာဝတီ မြစ်ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည်။

ရှာဖွေကယ်ဆယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစိုးနောင် ဦးဆောင်၍ ရှာဖွေကယ်ဆယ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနှတပ်ဖွဲ့ဝင်များက ရေနစ်သူအား (Speed Board) ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ခြင်း ၊ အဝေးထိန်း အသက်ကယ်ယာဉ်ဖြင့် ကယ်ဆယ်ခြင်းနှင့် ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ် ပြုစုခြင်းတို့ကို လက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့ကြပါသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ၊ ကြ​က်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုဇော် (ပြန်ဆက်)