မောင်တော စက်တင်ဘာ ၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ကုန်တင်ကုန်ချ အလုပ်သမားများအား ပေါ်ဆန်းမွှေးဆန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကုန်တင်ကုန်ချ လုပ်ငန်းကော်မတီရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးမှုကြောင့် စားဝတ်နေရေး ပြေလည်စေရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် အလုပ်သမားများ၏ စုဆောင်းရန်ပုံငွေများဖြင့် ထောက်ပံ့သော မောင်တောမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးရှိ အလုပ်သမား ၁၄၅ ဦးအား ၊ အလုပ်သမားတစ်ဦးလျှင် ၁၂ ပြည်ဝင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းဆန် ၁၄၅ အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး မြို့နယ်တာဝန်ခံ ဦးဇော်ဇော်အောင်တို့က အလုပ်သမားများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)