တန့်ယန်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအုပ်စုအလိုက် ထိုးနှံပေးလျှက်ရှိရာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ဆက်လက်ထိုးနှံပေးနေသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား မြို့မ ရပ်ကွက်(၁၀)ရပ်ကွက်နှင့် နောင်ဖါ၊ မိုင်းကောင်၊ မိုင်းပတ်၊ မန်ကတ်၊ မိုင်းကျိုင်၊ လွယ်ဝေါ၊ နောင်လိုင်၊ မိုင်းတွမ်း၊ မိုင်းမား၊ နမ့်မူဆယ်စသည့် ကျေးရွာအုပ်စု စုရပ်များ၌လည်း မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးတို့က ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)