ခမောက်ကြီး စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံပြီးသူများအား ယနေ့နံနက်၉နာရီ တွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။
ခမောက်ကြီးမြို့တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား ဩဂုတ်လ ၂ ရက်နေ့နှင့်ဩဂုတ်(၃)ရက်နေ့တို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများစတင် ထိုးနှံပြီးသူများအား ယနေ့ စက်တင်ဘာ လ(၅) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် စုပေါင်း၍ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ဆေးထိုးနှံကြရာတွင် ခမောက်ကြီးမြို့မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး၏ ကြီးကြပ်မှုဖြင့် တိုက်နယ်ဆရာဝန် ဦးအောင်ကျော်ထူး ဦးဆောင်သောကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပရဟိတ အသင်းအဖွဲ့ များက ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည်။ ပထမကြိမ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပြီး သူများမှာ ခမောက်ကြီး မြို့၌(၃၇၂)ဦးရှိကြောင်း သိရသည်။
ရူပါမြင့်