ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် သက်ကြီးဘိုးဘွား(၉၇၇)ဦးအား လူမှုရေး ပင်စင်(၂၉၃)သိန်းကျော် ထောက်ပံ့ပေးအပ်

ကျောင်းကုန်း စက်တင်ဘာ ၅
 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ လ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှု အပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီး ဘိုးဘွားများလက်ဝယ်အရောက် ပို့ပေးစေချင်ကြောင်းပြောကြားခဲ့ပြီး ၊မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦး က လူမှုရေးပင်စင် ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာ (၆၅)အုပ်စု တို့မှသက်ကြီးဘိုးဘွား (၉၇၇)ဦး အတွက် ငွေကျပ်(၂၉၂)သိန်းကျော် အား ‌ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်