သရက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ ရွှေသက် လွတ်ဘုရာဝန်း အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီက ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက် ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်ထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးပုလင်း (၃၀၅၀) လုံးအား ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန် ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ယနေ့နံနက်ပိုင်းတွင် လာရောက်ထိုးနှံသူ(၁၇၀) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဩဂုတ် ၂၉ ရက်နေ့မှ စတင်၍ ထိုးနှံပေးခဲ့ရာတွင် ပထအကြိမ်ဆေးထိုးနှံပြီးသူ (၆၄၂၁) ဦး တို့အား နံနက်၉ နာရီမှ ၁၂နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်နေရာ (၆)ခု ဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါး ကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့်ဘော် ကျေးရွာတို့တွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထက်မြက်အောင်၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)