လွိုင်ကော်မြို့နယ် ထေးဌားလျားကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

လွိုင်ကော် စက်တင်ဘာ ၅

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့ ၊ ထေးဌားလျားကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်းသိရသည်။

အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာတွင် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများက ထိုင်းငါးခုံးမကြီးကောင်ရေ ၂၅၀၀၀ ၊ မြက်စား ငါးကြင်းကောင်ရေ ၁၀၀၀၀ ၊ ခေါင်းကြီးငါးကြင်းကောင်ရေ ၅၀၀၀ ၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၄၀၀၀၀ တို့အား ထေးဌားလျားကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)