ကျောက်တော် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အို ဘိုးဘွားများနှင့်ရဟန်းရှင်လူပြည်သူများအား မြို့နယ် ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သတ်မှတ်စုရပ်နေရာများ၌ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးရာတွင် မြို့ပေါ်ရပ်ကွက်များမှ ကာကွယ်ဆေး ထိုး နှံရန်ကျန်ရှိသော ရဟန်းသံဃာတော်အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် ဈေးဆိုင်စတိုးဆိုင်ဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဆေးများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံရာ၌ ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်ရှိမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆေးအား ဆေးထိုးနှံပေးလျှက်ရှိပြီး ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့်အနားယူစေခြင်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများအား လိုအပ် သောကျန်းမာရေးစောင့်ရှောက်မှုများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)