မင်းပြား စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သတ်မှတ်စုရပ်နေရာများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကားယာဉ်လှိုင်း ပို့ဆောင်ရေး တာဝန်ခံများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ လျှော့ချနိုင်ရန် အတွက်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီလိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန် အနေအထားရောက်မှသာ ကာကွယ်ဆေးထိုးနှံမီဖြစ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကားယာဉ်လှိုင်း ပို့ဆောင်သူများနှင့် အသက် (၆၅)နှစ် အထက်သက်ကြီးရွယ်အိုများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
သိန်းနုအောင်