ဖျာပုံ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၄)အုပ်စုတို့တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးများအား ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဖျာပုံ မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်ဝါဝါနိုင်နှင့်ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက် (၁၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၄)စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးများအား နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးနှင့် အဟာရ ဖွံ့ဖြိုးမှု အစီအစဉ်အရ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကျော်က "ကလေးများအတွက် ဖွံဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း ၁ဝဝဝ အတွင်း၊ မိခင်ရောကလေးပါအာဟာရပြည့်စွာ စားသုံးတတ်သည့် အမူအကျင့်ကောင်းများရရှိကြစေရန်၊ မိခင်ရောကလေးပါ ကာကွယ်ဆေးများထိုးကြရမည့် အမူအကျင့်ကောင်းများရရှိကြစေရန်၊ မွေးစာရင်းပြုလုပ်ကြရန်၊ ကလေးမွေးတိုးစာရင်းပြုလုပ်ကြရန်၊ ကလေးပြုစုစောင့်ရှောက်မှုအသိပညာများရရှိကြစေရန်၊ သားဆက်ခြားမိသားစုစီမံကိန်းစနစ်တကျဆောင်ရွက်တတ်စေရန်၊ လက်သန့်ရှင်းရေး စနစ်တကျပြုလုပ်တတ်စေရန်၊ ကျန်းမာရေးဗဟုသုတများသိရှိပြီး ကျန်းမာရေးနှင့်အညီနေထိုင်တတ်စေရန်၊ ကိုယ်ဝန်ဆောင်များ၊ နှင့်ကလေးများအားစနစ်တကျပြုစုစောင့်ရှောက်ပေးရမည့် အသိ ပညာများရရှိကြစေရန်၊ ကလေးများ၏ညဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ မိခင်နို့တိုက်ကျွေးခြင်း၏အကျိုးကျေးဇူးများကိုသိရှိစေရန်၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များ စောစီးစွာ ပြုစု၊ ကုသနိုင်စေရန်၊ အရပ်ပုညှက်မှုနှုန်း လျော့ကျစေရန်၊ ကိုယ်ဝန်ဆောင်နှင့် ၂နှစ်အောက်ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်ရန်၊ ထောက်ပံ့ငွေများအား အာဟာရအတွက်အဓိက အသုံးပြုရန်၊ ကလေးများ၏ခန္ဓာကိုယ်ရော ညဏ်ရည်ပါဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရရှိကြစေရန်၊ အသက်အရွယ်ကြီးမြင့်လာသည်အချိန်တွင် နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန်နှင့် မိသားစု၏စီးပွားရေးထိခိုက်မှုလျော့နည်းစေရန်၊ ဘေးဒုက္ခများဖြစ်ပွား လာပါက မိသားစု အာဟာရအတွက် တဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကျန်းမာသန်စွမ်းသော နိုင်ငံ့သားကောင်းသမီးကောင်းလေးများဖြစ်လာကြပြီး နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြရန် ဖြစ်ကြောင်း" ပြောကြားသည်။
ဖျာပုံ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်နှင့်ကျေး ရွာအုပ်စု (၇၄)အုပ်စုတို့တွင် ကိုယ်ဝန်ဆောင်မိခင်များ နှင့် ယင်းတို့မှ မွေးဖွားလာသော၂နှစ်အောက်ကလေးများ အတွက် တစ်ဦးလျှင်(၄၅၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့မှုပြုလုပ်ရန် စာရင်းကောက်ယူထားသည့် ကိုယ်ဝန်ဆောင်မိခင် (၃၄၂၀)ဦး၊ အသက် (၂)နှစ်အောက်ကလေး(၃၂၀၃)ဦး၊ စုစုပေါင်း (၆၆၂၃)ဦးတို့အား ထောက်ပ့ံငွေကျပ် (၂၉၈၀၃၅၀၀၀)သိန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)