အမ်း စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နေရပ်စွန့်ခွာ၍စခန်းများ၌ ခိုလှုံနေကြသောအသက် (၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ရွှေအမ်းတောင်ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ကျန်းမာရေး ဝန်ထမ်းများကကာကွယ်ဆေးထိုး နှံပေးခြင်းအားဆက် လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိုးလုံလေလုံ အားကစားခန်းမနေရပ်စွန့် ခွာခိုလှုံနေသော တိုက်ပွဲရှောင်စခန်း(၂)ရှိ အသက်(၁၈)နှစ်အထက်ပြည်သူ (၅၈၂)ဦးတွင်ထိုးနှံရန် ကျန်ရှိသူများနှင့် ကမ်းဒိတ်ဓမ္မာရုံ နေရပ်စွန်ခွာခိုလှုံနေသူပြည်သူ (၃၇)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ ကျန်းမာ ရေးဦးစီးဌာနမှ ဒေါက်တာအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဆန်းမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်အောင် ဆေးကြောပေး ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
၎င်းနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရန်အတွက် နေရပ်စွန့်ခွာခိုလှုံ နေသော ပြည်သူများဖြစ်သည့် စျေးရပ်ကွက်ဆွေမျိုးများ နေအိမ်၊ စျေတောင်ရပ်ကွက် ဆွေးမျိုး များနေအိမ်၊ လေယာဉ် ကွင်းရပ်ကွက် ဆွေးမျိုးနေအိမ်၊ ပျဉ်တောကျေးရွာ ဆွေမျိုးများ၌ နေထိုင် ကြသူ(၁၂၂၆)ဦးနှင့် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံပြန့်ရေးကော်မတီထံမှ သိရသည်။
ဝင်းအိမွန်