ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက်  ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မောင်တော  စက်တင်ဘာ  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား  ဒုတိယအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို ယနေ့တွင်လည်း သတ်မှတ်နေရာများတွင် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် အသက်(၆၅)နှစ် နှင့်အထက်ပြည်သူများ နှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အ ခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှုများဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များတွင် အသက် ၆၅ နှစ်နှင့် အထက်  ပြည်သူများအား  လူမျိုးဘာသာမရွေး Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ် အဖြစ် ထိုးနှံပြီးစီးသူ စက်တင်ဘာ (၁) ရက်နေ့တွင် (၆၆၅)ဦး ၊ စက်တင်ဘာ(၂)ရက်နေ့တွင် (၆၀၃)ဦး၊ စက်တင်ဘာ(၃)ရက်နေ့တွင် (၃၃၀)ဦး စုစုပေါင်း (၁၅၉၈) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ် ဆေး ထိုးနှံပေးခြင်းကို   ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ (၁)ရက် နေ့မှ စက်တင်ဘာ (၉) ရက် နေ့ထိ   နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)