ဖျာပုံ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား များအား လူမှုရေးပင်စင်အတွက် ဖျာပုံခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို အိမ် တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မှစတင်ကာ ဖျာပုံမြို့နယ်ရပ်ကွက်/ကျေးရွာများသို့ လိုက်လံထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၇၄)အုပ်စုအတွင်းမှ အသက်(၈၅) နှစ်အထက် အဘိုး(၃၅၉)ဦး၊ အဘွား(၅၅၁)ဦးစုစုပေါင်း (၉၁၀)ဦးတို့အတွက် ဧပြီလ၊ မေလနှင့် ဇွန်လအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေ(၂၇၃၀၀၀၀၀)ကျပ်အား ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအေးကျော်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် စာရေးဝန်ထမ်းများမှ ရပ်ကွက်၊ ကျေးရွာများရှိဘိုး ဘွားများလက် ဝယ်အရောက် တစ်အိမ်တစ်ဆင်း လိုက်လံထောက်ပံ့ပေးလျက်ရှိကြသည်။ ဖျာပုံခရိုင်(၄) မြို့နယ် အတွင်း အသက်၈၅နှစ်နှင့် အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားအရေ အတွက် အဘိုး(၁၃၃၀)ဦး၊ ဘွား(၂၀၈၉)ဦးစုစုပေါင်း (၃၄၁၉)ဦးတို့အတွက် ကျပ်သိန်းပေါင်း (၁၀၂၅) သိန်းကျော်ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာ နမှသိရှိရသည်။
အောင်ဝင်းနိုင်