အောင်လံမြို့နယ်၌ အဋ္ဌမမြောက်နေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)များ ဒုတိယအကြိမ် တိုက်နယ်အလိုက်ခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ

အောင်လံ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများတိုက်နယ်ခွဲ၍   အဋ္ဌမမြောက်နေ့အဖြစ် မြို့နယ်အတွင်းမှ ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံပြီး သူများအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များမှထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော(Sinopharm)ဆေး အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးနှုန်းဖြင့် ထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်ပြီဖြစ်သည့်အတွက် ဒုတိယ အကြိမ်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့၌ ရွှေရတုခန်းမတွင်(၃၂၀)ဦး၊ ကျောက်ပန်းတောင်း တိုက်နယ်((၃၀၀)ဦး၊ ပြလို့မြို့(၅၉၀)ဦး၊ ညောင်ပင်စိတ်(၂၁၄)ဦး၊ ကျီရပ်ကုန်း(၁၈၁)ဦး၊ ရွှေပန်းတော(၃၄၀)ဦး၊ သမ္ဘူလ(၆၇၅)ဦး၊ ရေနံကြီး(၁၅၅)ဦး၊ စုစုပေါင်း(၂၇၇၅)ဦးထိုးနှံခဲ့ရာ အောင်လံမြို့နယ်၌ ပထမအကြိမ်ထိုးနှံ သူဦးရေစုစုပေါင်း (၆၁၀၀)ဦးရှိပြီး စက်တင်ဘာ(၃)ရက်နေ့ထိထိုးနှံပြီးဦးရေစုစုပေါင်း(၄၃၆၀)ဦးရှိပြီး ကျန်ရှိသူ (၁၇၄၀)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများအဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။