ရွှေသောင်ယံ စက်တင်ဘာ ၄
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ်၊ ဒုတိယအသုတ် ထိုးနှံပေးခြင်းကို အ-ထ-က ရွှေသောင်ယံ၌ ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် ရွှေသောင်ယံမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ပထမတစ်ကြိမ်ထိုးပြီး၍ (၂၈)ရက်ပြည့်ပြီးသူများ အား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိပြီး သံဃာတော်များ၊ (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပထမတစ်ကြိမ် ထိုးနှံပြီးသူအားလုံးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်(၁၇၄)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း၌ ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန်တို့မှ ကြီးကြပ်ဆောင်ရွက် ပေးပြီး ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက်ကာကွယ်ဆေးများထိုးနှံခြင်း လုပ်ငန်း၌ ရွှေသောင်ယံမြို့ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းတို့မှ ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)