ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့် တတ်လာမှုကြောင့် လူနေအိမ်များရွေ့ပြောင်း

ပန်းတောင်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိရပ်ကွက်တွင် ယမန်နေ့ ညနေ့ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တတ်လာမှုကြောင့် လူနေအိမ်များ ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေ မြင့်တတ်ခြင်းကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်အမှတ် (၂၇၄၃)စင်တီမီတာဖြစ်ပြီး ယမန်နေ့ ညနေ့ပိုင်းက (၂၇၁၀)စင်တီမီတာသို့ ရောက်ရှိခဲ့၍ ထုံးဘိုနယ်မြေ မီးသတ်စခန်းနှင့် (၅)ဖာလုံခန့်အကွာရှိ ခတ္တိယရပ်ကွက် မြေနိမ့်ပိုင်းရှိ လူနေအိမ်(၃၀)ခန့်အတွင်းသို့ ရေဝင်ရောက်ခဲ့ပြီး ဧရာဝတီမြစ်ရေ (၄)ပေခွဲခန့် မြင့်တတ်လာမှုကြောင့် အိမ်ထောင်စု(၄)စုမှာ ကျား(၆)ဦး၊ မ(၇)ဦးစိုးရိမ်မှု ရှိလာသဖြင့် ရေဘေးလွတ်မြောက်ရာ မြသိန်းတန်ဘုရားကြီး တန်ဆောင်းအတွင်းသို့ မြို့နယ်မီးသတ် တပ်ဖွဲ့မြို့နယ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)