မြိုင်မြို့နယ်တွင် Mobile Test Kit စစ်ဆေးရေးမော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး

မြိုင် စက်တင်ဘာ      ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် ရပ်ကွက်/ကျေးရွာ များအရောက် Mobile Test Kit စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ယမန်နေ့က စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဖျားနာနေသူများ၊ သံသယရှိသူများ အနေဖြင့် ရောဂါ ကူးစက်မှု ဆက်လက်မပြန့်ပွားစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ Mobile Test Kit စစ်ဆေးရေးမော်တော်ယာဉ်ဖြင့်  လင်းကတော၊ ကိုင်းလည်၊ ချောက်တောင်း၊ ပူတွင်း‌၊ အိုင်းမ၊ ပန်းစွာ၊ ပေါင်းတည်က၊ ဒါန်းပင်ကန်၊ မင်းတည်းစု၊ ကြည့်ကန် ကျေးရွာများသို့ သွားရောက်စစ်ဆေးပေးခဲ့သည်။

ထိုသို့စစ်ဆေးပေးရာတွင် ပြည်သူ (၁၁၁) ဦးအား စစ်ဆေးပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်းသိရသည်။

အဆိုပါပိုးတွေ့လူနာ (၈) ဦးအနက် (၆) ဦးအား သီးခြားသတ်မှတ်ထားသော စင်တာများတွင် သီးသန့်ထားရှိ၍ လည်းကောင်း၊ ကျန်ပိုးတွေ့လူနာ (၂)ဦးအား ဆေးရုံ၌လည်းကောင်း သီးသန့်ထားရှိ၍ လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်းနှင့် မြိုင်မြို့နယ် အတွင်း ယနေ့အချိန်ထိ အတည်ပြုလူနာ (၈၃၀)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရှိသူ (၂၁၆)ဦး နှင့် သေဆုံးသူ (၂၀) ရှိကြောင်း သိရသည်။

သူရ(ပုံတောင်)