ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ဒီပဲယင်း    စက်တင်ဘာ  ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများ အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသော အသက် ၆၅ နှစ်နှင့်အထက် ပုဂ္ဂိုလ်များ၊ သာသနာဝန်းထမ်းရဟန်းတော်များ၊ သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး စေတနာ့ဝန်ထမ်း (volunteer) များနှင့်ရပ်ကွက်/ ကျေးရွာပြည်သူများအား ဒုတိယ အကြိမ်မြောက်    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီ မှ နေ့လယ် ၁ နာရီအချိန်ထိ ဒီပဲယင်းမြို့ အထကကျောင်းနှင့် ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့ အထကကျောင်းတို့၌ စုရပ် ၂ ခုခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပေးကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်မှုတွင်  ဌာနဆိုင်ရာဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့ စေတနာ့ဝန်ထမ်း (volunteer)များက ကာကွယ်ဆေးလာရောက် ထိုးနံကြသည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား အခက်အခဲ မရှိအောင်နှင့်မြန်ဆန်ချောမွေ့ အောင် ဖေးမကူညီဆောင်ရွက်ပေးကြသည်။

ထိုနောက် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများ စနစ်တကျဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုထိုးနှံပေးသည်။

ယခင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်သော (၁၆၅၆) ဦး အား ဒုတိယအကြိမ်မြောက် စက်တင်ဘာ ၃ ရက်နေ့ နှင့် ၄ ရက်နေ့များ တွင်အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)