ဖားဆောင်း စက်တင်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မော်ချီးဒေသတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ Volunteer များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီ အချိန်က မော်ချီးဒေသလိုခါးလိုကျေးရွာခန်းမဆောင်နှင့် မော်ချီးအောက်ရွာရှိ ကျေးလက်ဆေးပေးခန်းတို့ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဖားဆောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိဖြူသွယ် ဦးဆောင်၍ သူနာပြုဆရာမများက ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၆၅)နှစ် အထက် သက်ကြီး ရွယ်အိုများ၊ Volunteerများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ကိုယ်အပူချိန် တိုင်းတားခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုရောဂါစစ်ဆေးပေးခြင်းများ ပြုလုပ်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း မိနစ်(၃၀)စောင့်ဆိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြကြောင်းနှင့် စုစုပေါင်း(၉၅)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်