ရမ်းဗြဲ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ဦးတည်အုပ်စု ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးဆေးကို ဩဂုတ်လ ၃၁- ရက်နေ့ မှ ယမန်နေ့ ညနေပိုင်းထိ ကာကွယ် ဆေးထိုးနှံပေးခဲ့ရာ ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၈၁၀) ဦး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ရမ်းဗြဲမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စုရပ်နေရာများခွဲကာ ဩဂုတ်လ - ၃၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက် နေ့ထိ (Sinopharm) ကာကွယ်ဆေးကို လာရောက်ထိုးနှံကြရာတွင် သံဃာတော် / သီလရှင် ဘာသာရေးကျောင်းများမှ (၆၇) ပါး၊ အသက်(၆၅) နှစ်နှင့်အထက်ဘိုးဘွား (၃၆၄) ဦး၊ အစိုးရ /ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၁၃)ဦး၊ Volunteer (၆၉)ဦး ၊ နိုင်ငံဝန်ထမ်း (၁၈၂) ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၇၀) ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၁၆) ဦး၊ အကျဉ်းသား/ အချုပ်သား (၂) ဦး၊ Super Market / ဈေး မှ (၂၇ )ဦး စုစုပေါင်း ဆေးလာရောက်ထိုးနှံခဲ့ကြသူ (၈၁၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရှိရပါသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးကို ဩဂုတ်လ (၂ )ရက်နေ့ (ရ) ရက် နေ့ အထိ ပထမအကြိမ်တွင် ထိုးနှံခဲ့ကြသည့် ကျေးလက်နေပြည်သူများကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးနိုင်ရန်အတွက် သတ်မှတ်စုရပ်များ တွင် သတ်မှတ်ရက်များအတွင်း ထိုးနှံပေးသွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ စက်တင်လာ (၄) ရက်နေ့ မှ (၅) ရက်နေ့ထိ လေးတောင်မြို့စုရပ်နှင့်ကျောက်နီမော် စုရပ်တို့တွင် ထိုးနှံပေးမည်ဖြစ်ပြီး စက်တင်ဘာ (၆) ရက်နေ့မှ (၇) ရက်နေ့များတွင် ကုန်ဘောင်တိုက်နယ်ဆေးရုံစုရပ်၊ မြေပုံတိုက်နယ်ဆေးရုံစုရပ်၊ စကုတိုက်နယ်ဆေးရုံစုရပ်၊ အနောက်ရွာ အုပ်စု အ.ထ.က၊ ဗောဓိ စုရပ်နှင့် လမုခြေအုပ်စု အ.ထ.က၊ လမုခြေ စုရပ်များတွင် ကျေးလက်ဒေသမှ ဦးတည်အုပ်စုများကို ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)