ဒေးဒရဲမြို့နယ်၌ အသုံးပြုမည့်အောက်ဆီဂျင်စက် ရောက်ရှိ

ဒေးဒရဲ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါလူနာများနှင့် အခြားနာမကျန်း လူနာများ  အောက်ဆီဂျင် လိုအပ်ချက်မဖြစ်ပေါ်စေရေးအတွက်  မြို့နယ် နာယက ဆရာတော်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အောက်ဆီဂျင် စက်ဖြစ်မြောက် ရေးကော်မတီ တို့က ဦးဆောင်၍ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသော အောက်ဆီဂျင် ထုတ်စက်သည် ယမန်နေ့ညက ရောက်ရှိ လာကြောင်း သိရသည်။

 

အဆိုပါ စက်အား ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသော အောက်ဆီဂျင် စက်ရုံတွင် တပ်ဆင်အသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင် ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ပါက ဒေးဒရဲမြို့နယ်မှ အောက်ဆီဂျင်လိုအပ်သောလူနာများအပြင် အခြားမြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သောအောက်စီဂျင်များ တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင် မည်ဖြစ် ကြောင်းသိရသည်။

 

မေမွန်ထွဋ်( ပြန်/ဆက်)