ကံမ စက်တင်ဘာ ၃
သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် PPE ဝတ်စုံများနှင့် လက်သန့်ဆေးရည်များ ပေးအပ် လှူဒါန်းပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းများထံ PPE (Level-3) ဝတ်စုံ ၇၅၀ စုံ၊ PPE (Level-2) ဝတ်စုံ ၁၇ စုံနှင့် လက်သန့်ဆေးရည် ၂၅ ဘူးတို့အား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကံမမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် Volunteer များအတွက် တစ်နှစ်စာ ပရီမီယံကြေးကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ထုတ်ပေးသွင်းခဲ့သည့် အသက်အာမခံစာချုပ် များကို Volunteer များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)