ထန်းတပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ထန်းတပင် (ပဲခူး) စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အသက်(၆၅ )နှစ်အထက် သက်ကြီးရွယ်အိုများ နိုင်ငံ့ဝန်ထမ်းများ volunteerများကို ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်  ( ၈ ) နာရီအချိန်မှစတင်၍ မြို့နယ်သီရိမင်္ဂလာခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်သူသူအောင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး သြဂုတ်လ(၄ ) ရက်နေ့နှင့် (၅)ရက်နေ့များတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် အသက် (၆၅)နှစ် အထက် သက်ကြီးရွယ်အိုများ နိုင်ငံ့ဝန်ထမ်းများ volunteer များကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ကိုယ်အပူချိန် တိုင်းတာ ပေးခြင်းတို့ကို ပြုလုပ်ပြီး ကာကွယ်ဆေးထိုးပြီးပါက မိနစ် (၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေး ထိုးနှံခြင်းမှတ်တမ်းကတ်ပြားများ ပေးအပ်ခဲ့ပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်များ ဝန်ထမ်းများ ကြက်ခြေနီအသင်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)