ထီးလင်းမြို့နယ်၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ထီးလင်း စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီး သူ များအား ယနေ့နံနက် နာရီမှစ၍ ထီးလင်းမြို့ မိခင်ကလေးကျန်းမာရေးဌာန၌ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

 

ထီးလင်းမြို့နယ်တွင်ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန် လူဦးရေ ၁၅၀၀ ဦးအတွက် ကာကွယ်ဆေး တစ်လုံးလျှင် လူ ဦးနှုန်းဖြင့် ဆေးလုံး ၂၀၀လုံး၊ကာကွယ်ဆေးတစ်လုံးလျှင် လူ ဦးနှုန်းဖြင့် ဆေးလုံး ၅၀၀လုံး စုစုပေါင်းဆေးလုံး ၇၀၀ လုံး ခွဲတမ်းရရှိပြီးဖြစ်သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်၊ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကာ မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း လူဦးရေ ၅၇၆၆  ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)