ရသေ့တောင် စက်တင်ဘာ ၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူမှု၀န်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍနှစ် ဒုတိယသုံးလပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက် အဘိုးအဘွားတစ်ဉီးလျင် ငွေကျပ်(၃၀၀၀၀ိ/-)နှုန်းဖြင့် ရသေ့တောင်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွား(၆၉၂)ဉီးတို့အတွက် ငွေကျပ်စုစုပေါင်း(၂၀၇၆၀၀၀၀/-)အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်များအား အကျိုးခံစားခွင့်ရှိသည့် မြို့ပေါ်ရပ်ကွက်များရှိ အဘိုးအဘွားများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့၀င်များ၊ လူမှု၀န်ထမ်းဉီးစီးဌာန မြို့နယ်ဉီးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြို့နယ်အတွင်း ကျေးရွာများရှိ အဘိုးအဘွားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)