မြို့သစ်မြို့နယ်တွင်  ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်း ဆက်လက်ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံခြင်းကို စတုတ္ထနေ့အဖြစ် သတ်မှတ်စုရပ် နေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၊ ဒန့်ဒလွန်ပင်တိုက်နယ်ဆေးရုံ၊ နင်းကြမ်း တိုက်နယ်ဆေးရုံ၊ ဝါးကြီးအိုင်တိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့်သီလရှင်များ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ Super Market နှင့်စျေးရောင်းချသူများ၊ ဒေသခံပြည်သူများအား  ဦးတည်အုပ်စုနှင့် ဦးစားပေး အစီအစဉ်အလိုက် သြဂုတ်လ ၂၉ ရက်နေ့မှ စတင်၍   ထိုးနှံပေးခြင်းဖြစ်ကာ  စက်တင်ဘာ ၂ ရက်အထိ ဒုတိယအကြိမ်  ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံပြီးစီးသူ ( ၃၃၃၅ )ဦးရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် လူဦးရေ (၂၇၆၃)ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွာမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။

 

ဝင်းအိဇွန်(ပြန်/ဆက်)