မိုးညို စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မိုးညိုမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် တပ်ဖွဲ့ဝင်အင်အားနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ဖြစ်စေရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များ ကျရောက်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လျင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် အသက်ကယ်လှေ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ ပေ (၁၀၀) ကြိုး ချိန်းစော၊ ထိန်းကွင်း၊ ရေစုပ်စက် အစရှိသည့် အရေးပေါ်သုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ အဆင်သင့်ထားရှိပြီး ဖြစ်ရာ သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဒေသခံပြည်သူများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။
စန္ဒာလင်း