ဝေါမြို့နယ် မိုးယွန်းကြီးအင်း ဘေးမဲ့သစ်တောကြိုးဝိုင်း သဘာဝရေပြင် အတွင်းသို့  ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဝေါ စက်တင်ဘာ   ၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မှ ငါးသယံဇာတ ပေါများ ကြွယ်ဝစေရန် နှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်အတွက်  ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အင်းတိုင်စုကျေးရွာ ပြွန်စုကျေးရွာအနီရှိ မိုးယွန်းကြီးဘေးမဲ့သစ်တောကြိုးဝိုင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပွဲကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။

 

 အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာတွင် ပဲခူးတိုင်းဒေသကြီး ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယ တိုင်းဦးစီးဌာနမှူး ဦးစိုးမင်း၊ မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ ဗိုလ်မှူး မျိုးဝင်းအောင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ခင်မျိုးနိုင်  နှင့်ဝန်ထမ်းများ၊ ပဲခူးမြို့ ငါးသားပေါက်စခန်းမှ  တာဝန်ခံဦးသူရမိုးအောင်နှင့် ဝန်ထမ်းများ ဝေါမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းရွှေ ဒေသခံပြည်သူများ နှင့် အင်းသားကြီးများ တို့မှ ငါးမြစ်ချင်းကောင်ရေ (၃ ) သိန်း ၊ ငါးခုံးမကြီးကောင်ရေ ( ၅ ) သောင်း ၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းငါးသောင်းတို့အား  မိုးယွန်းကြီးအင်း ဘေးမဲ့ သစ်တောကြိုးဝိုင်း သဘာဝရေပြင်အတွင်းသို့  ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည် ။

 

အောင်မြတ်လင်း (ပြန်/ဆက်)