နတ်မောက် စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက်ခုပ်ပင် ကျေးရွာရှိတောင်သူများ ခရမ်းချဉ်သီးကိုတစ်ပိုင် တစ်နိုင်စိုက်ပျိုးသည့်အတွက် ပုံမှန်ဝင်ငွေရရှိကြောင်းသိရသည်။
ခရမ်းချဉ်သီးအပင်စိုက်ပျိုးရာတွင် ခရမ်းချဉ်သီးမျိုးစေ့ကို စိုက်ပျိုးရေးဆိုင်မှဝယ်ယူပြီး မျိုးအဖြစ်ပြန်လည် ပျိုးထောင်ကာ စိုက်ပျိုးကြပါတယ်။ ခရမ်းချဉ်သီးမျိုးစေ့တစ်ထုပ်ကို(၆၅၀ဝိ/-)ကျပ်ဝယ်ယူရပါတယ်။ ပျိုးပင် များကို ဘောင်တင်ပြီးတစ်ပင်နှင့်တစ်ပင်(၂)ပေအကွာ စိုက်ပျိုးနိုင်ပါတယ်။ ခရမ်းချဉ်သီး အပင်မျိုးသည် အချိန်ကြာသည့်အပင်မျိုးဖြစ်၍ တစ်ဧက စိုက်ပျိုးလျှင် ထွန်ခ၊ မျိုးစေ့ဖိုး၊ ပိုးသတ်ဆေးဖိုး၊ ဓါတ်မြေသြဇာဖိုး၊ စုစုပေါင်း( ၁၀၀၀၀ဝိ/-)ခန့်ကုန်ကျပါတယ်။ ခရမ်းချဉ်သီးပင်က ရာသီမရွေးစိုက်ပျိုးနိုင်၍ ( ၃ )ကြာလျှင် သီးကင်းစသီးပြီး (၃)လခွဲကြာလျှင် ခူးဆွတ်နိုင်ကြောင်းနှင့် ခရမ်းချဉ်သီး တစ်ဧကစိုက်လျှင် ငွေကျပ် (၂၅၀၀၀ဝိ/-)ကျပ်ရရှိနိုင်ကြောင်း န/လက်ခုပ်ပင်ကျေးရွာရှိ ခရမ်းချဉ်စိုက်ပျိုးသည့် တောင်သူဦးထွန်းနွယ်ထံ မှသိရသည်။
မူမူစန်း (နတ်မောက် )