တောင်ကုတ် စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါးထွန်းတုံး ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က တောင်ကုတ်မြို့ နယ်သလိန်ပြင် ကျေးရွာ ဖာရီကွင်း ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ဆင်းသွယ်လတ် မျိုးသန့်စပါး စံပြကွက် စမ်းသပ်ကွက် တောင်သူ ဦးစိန်ကျော်တင်၏ လယ်မြေ၌ ကျင်းပ ခဲ့သည် အခမ်းအနားတွင် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး သံတွဲခရိုင် စိုက်ပျိုးရေးဦး စီးဌာနခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်စဉ်များအား ရှင်းလင်း ပြောကြားကာ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက အီးအမ်ဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ် သုံးစွဲခြင်း နည်းပညာ ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာရောနှောသုံးစွဲခြင်း ယူရီးယားလက်ခြားရွက်ဖြန်း မြေဩဇာသုံးစွဲခြင်းများနှင့် ကွင်းတွင် သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် မိုးစပါးထွန်တုံ့ကွင်းပိတ်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များဌာန ဆိုင်ရာများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)