တောင်တွင်းကြီးမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆဌမနေ့ ဆက်လက်ထိုးနှံပေး

တောင်တွင်းကြီး စက်တင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးရန် ကျန်ရှိသည့်ပြည်သူများကို ဆဌမနေ့အဖြစ် ယနေ့နံနက်(၉)နာရီကမြို့နယ် သာသနာ့ဗိမာန်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေး နှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုကူညီဖြည့် ဆည်းပေးခဲ့ကြသည်။

 

တောင်တွင်းကြီးမြို့နယ်တွင် ဩဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ(၂)ရက်နေ့အထိလူဦး ရေ (၃၄၇၀)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့်ပြည်သူ များကို လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)