ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ ဈေးရောင်းဝယ်သူများအား နှင့် မြို့တွင်းထဲသို့ဝင်ရောက်လာသူများအား  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်

မောင်‌တော စက်တင်ဘာ  ၃

 

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့မဈေးကြီး ရှိ ဈေးရောင်း ဝယ်သူများ နှင့် မြို့တွင်းထဲသို့ ဝင်ရောက်လာသူများအား ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေး ဆောင်ရွက် ခဲ့ ကြောင်းသိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့မဈေးကြီးရှိ ဈေးရောင်း ဝယ်သူ များ နှင့် မြို့ အဝင်/အထွက် ဂိတ်၌ မြို့တွင်းထဲသို့ ဝင်ရောက်လာကြသော သုံးဘီးယာဉ် မောင်းနှင်း သူများ ၊ စစ်တွေမြို့မှ ဝင်ရောက် လာ သော  ကုန်တင်ကားကြီး မောင်းနှင်းသူများ နှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း (၁၀၅)ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း သိရသည်။  

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)