မောင်တော စက်တင်ဘာ ၃
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လှုမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို စက်တင်ဘာ ၂ ရက်နေ့မှ စ၍ မြို့ပေါ်ရပ်ကွက် များတွင် မြေပြင်ကွင်းဆင်း၍ သွားရောက်ပေးအပ်ခဲ့ကြသည်။
ထိုသို့ ပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် ဝန်ထမ်းများ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက မောင်တော ခရိုင် အတွင်းရှိ ဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ် လျှက်ရှိရာ မောင်တောမြို့ ပေါ် ရပ်ကွက်များရှိ အသက် ၈၅ နှစ်အထက် အဘိုး(၅၇)ဦး ၊ အဘွား (၉၉)ဦး နှင့် ဘူးသီး တောင် မြို့ပေါ်ရပ်ကွက် များရှိ အသက် ၈၅ နှစ်အထက် အဘိုး(၆၂)ဦး နှင့် အဘွား (၉၉)ဦး စုစုပေါင်း ၃၁၇ ဦး ရှိပြီး ကျေး ရွာများရှိ အသက် ၈၅ နှစ် အထက် ဘိုးဘွားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက်ပေး အပ်သွား မည်ဖြစ်သည်။
ယခု ပေးအပ်သော လူမှုရေးပင်စင်များမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တတိယသုံးလပတ် အတွက် ဘိုးဘွား တစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား ၃၁၇ ဦးအတွက် ငွေကျပ် (၉၅၁၀၀၀၀)အား ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)