ကန့်ဘလူမြို့တွင် အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်ဖြည့်ဆည်းခြင်းများ အခမဲ့ငှားရမ်းဖြည့်ဆည်းနိုင်

ကန့်ဘလူ စက်တက်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင်  မြို့နယ်အောက်ဆီဂျင် စက်/အိုးဖြစ်မြောက်ရေး ကော်မတီ ကိုဖွဲ့စည်းပြီး ကိုဗစ်- ၁၉ ကာလတွင် တစ်နိုင်တစ်ပိုင်ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ယခုနှစ် ဩဂုတ် ရက် မှစတင်၍ ယနေ့အထိ အလှူရှင်များ၏ လှူဒါန်းကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ယခု ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ကာလတွင် အောက်ဆီဂျင် အတွက် အခက်အခဲရှိနေသူများ၊လိုအပ် နေသူများအတွက်  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တစ်နိုင်တစ်ပိုင်အနေဖြင့် အခမဲ့ကူညီထောက်ပံ့ပေးလျက် ရှိကြောင်းသိရသည်။

 

ထိုသို့ ကူညီထောက်ပံံ့ပေးရာတွင် အောက်ဆီဂျင် အိုးများငှားရမ်းပေးခြင်း၊အောက်ဆီဂျင်အိုးများ ဖြည့်ဆည်းပေးခြင်း၊ အောက်ဆီဂျင်လိုအပ်ပါက မန္တလေးမြို့သို့သွားရောက်ဖြည့်ဆည်းခြင်း၊ အခြားလူမှုကူညီ ရေးအသင်းများက အောက်ဆီဂျင်အရည်များလာရောက်လှူဒါန်းခြင်း စသည့်အကျိုးပြုလုပ်ငန်းများကို ပံ့ပိုးကူ ညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

စက်တင်ဘာ ရက်နံနက် ၁၀ နာရီ ခွဲခန့်က မြို့နယ်အောက်ဆီဂျင်စက် /အိုးဖြစ်မြောက်ရေး ကော်မ တီသို့ မန္တလေးမြို့  ဗဟိုရွှေထိုက်လူငယ် လူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၅၀(အရည်များလှူဒါန်းခြင်း၊ဘူးခွံမပါ)လာရောက်လှူဒါန်းရာ မြို့နယ်ကော်မတီမှ အောက်ဆီဂျင်လိုအပ်သူများကို အောက်ဆီဂျင်ဖြည့်ဆည်းပေးခြင်း၊ အောက်ဆီဂျင်လိုအပ်သူများ လာရောက်ဖြည့်ဆည်းရယူနိုင်ရန် ဖုန်းဖြင့် အကြောင်းကြားပေးခဲ့ကြောင်းသိရသည်။

 

အောက်ဆီဂျင် လိုအပ်သူများအနေဖြင့် အောက်ဆီဂျင်အိုး ငှားရမ်းခြင်း / ဖြည့်ဆည်းလိုပါက ကန့်ဘလူမြို့ ပိတောက်သိင်္ဂီခန်းမ( )တွင်လည်းကောင်း၊ ဖုန်း (၀၉-၇၉၁၇၂၀၃၀၅ ၀၉-၄၀၀၄၄၈၄၈၄)တို့ကို ဆက်သွယ်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အခမဲ့ငှားရမ်းနိုင်ကြောင်းသိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)