ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံ

ကျောက်ဖြူ   စက်တင်ဘာ  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် ပြည်သူများကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွား ရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား   ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူ ခြင်းများကို ဆောင်ရွက်ပေးပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်၌ အဆိုပါခိုလှုံရာစခန်းနေပြည်သူများကို  သြဂုတ်လ(၄)ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ပထမအကြိမ် စတင်ထိုးနှံပေးထားပြီးဖြစ်ကာ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ လ(၂) ရက်နေ့တွင် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ကာကွယ်ဆေးလာ ရောက်ထိုးနှံသူ ၁၂ ဦးရှိကြောင်းနှင့် ၎င်းစခန်းတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများ ကိုလည်း သတ်မှတ်နေ့ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း