စစ်ကိုင်းခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်း ဩဂုတ် ၁၄

၂၀၂၀ ပြည့်နှစ် စစ်ကိုင်းခရိုင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းများကို ဩဂုတ် (၁၁) ရက်မှ (၁၄) ရက်နေ့အထိ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီ(၇) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အမတ်လောင်း (၅၅) ဦးနှင့် တစ်သီးပုဂ္ဂလမှ (၁) ဦး စုစုပေါင်း (၅၆) ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ  ပထမ အကြိမ် မဲစာရင်းကြေညာချက်အရ စစ်ကိုင်းခရိုင်အတွင်း မဲဆန္ဒရှင်ပြည်သူ လေးသိန်းကျော်ရှိကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်)