တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ် နိုင်ငံဝန်ထမ်းများအား ဆက်လက်ထိုးနှံ

တောင်ကုတ်   စက်တင်ဘာ ၂

ရခိုင်ပြည်နယ်​ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းများကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိလည်းကောင်း၊နေ့လယ် ၁ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိလည်းကောင်း၊ ပထမအကြိမ်တွင် ကာကွယ်ဆေး ထိုးနှံထားသော ဌာနဆိုင်ရာများ၊ ရဟန်းသံဃာများ၊ လူမှုရေးအဖွဲ့စည်းများအား တောင်ကုတ် မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ထုတ်လုပ်​သော Sinopharm အမျိုးအစားဆေးဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံနိုင်ကြောင်းနှင့် တောင်ကုတ်မြို့နယ်အတွက် ဆေးပုလင်း(၁၀၆၁) ပုလင်းရရှိ၍ လူဦးရေ(၅၃၀၅)ဦးအား ထိုးနှံပေးမည်ရာ မြို့ပေါ်ရပ်ကွက်(၄)ခုမှ အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘိုးဘွာရိပ်သာတို့အား ဦးစားပေး ထိုးနှံပေးပြီး ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံထားသူ ဌာဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ လူမှုရေးအဖွဲ့အစည်းများအား ဆက်လက်ထုံနှံပေးလျက်ရှိကြောင်း  သတင်းရရှိသည်။