အင်္ဂပူ ပိန်းအင်းကုန်းကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများ ထုတ်ချေးပေး

အင်္ဂပူ  ဩဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ပိန်းအင်းကုန်း‌ကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ချေးငွေများ ထုတ်ချေး ‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ချေးငွေများ ထုတ်ချေးခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုး ဦးဆောင်သော ဝန်ထမ်းများနှင့် ကျေးရွာကော်မတီဝင်များမှ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ပိန်းအင်းကုန်း ကျေးရွာမှ အိမ်ခြေ(၁၁၂) အိမ်ထောင်စု(၁၁၃)စုတို့မှ မွေးမြုရေးလုပ်ငန်း လုပ်ကိုင်လိုသူ (၄)ဦး၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသူ (၆၇)ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်လိုသူ (၁၇)ဦးတို့အတွက် မတည်ရန်ပုံငွေ (၂၈၈.၅) သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)