ကျိန္တလီ စက်တင်ဘာ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ မြို့အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်မှ ဒုတိယအကြိမ်ဆေးထိုးရန်ကျန်ရှိသူများနှင့် ကျေးရွာ အုပ်စုများမှ ဆေးထိုးရန်လာရောက်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများကို ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးအား စနစ်တကျထိုးနှံနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်း များကဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းဇယားမှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ အမှတ်(၁)ရပ်ကွက် လယ်တီတော်ပေါ်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်(၁)ပါးနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁)ဦး ပုန်းညှက် ကျေးရွာအုပ်စုမှ (၂၅)ဦး ၊ သဲကုန်းကျေးရွာအုပ်စုမှ (၁၈)ဦး ၊ ရတနာမြိုင်ကျေးရွာအုပ်စုမှ (၂၈)ဦး စုစုပေါင်း(၇၃)ဦးကို ထိုးနှံပေးခဲ့ပြီး ကျန်ရက်များတွင်လည်း ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ သက်ကြီးဘိုးဘွားများအား ဆက်လက်ထိုးနှံပေးနိုင်ရန် အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်မိုးမင်း (ပြန်/ဆက်)