နတ်မောက်မြို့နယ် မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Sinopharm) ဒုတိယအကြိမ်ထိုးနှံပေး

နတ်မောက်    စက်တင်ဘာ  ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပကျားထူးကျေးရွာ အရှေ့ဘက်ရှိ မြတ်ဂုဏ်ပြည့်ဘိုးဘွားရိပ်သာ သို့ယမန်နေ့နံနက် ၉နာရီအချိန်ခန့်က အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm)  ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများတို့က မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၁၄)ဦးတို့ကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှဝင်း