မြေပုံမြို့နယ်ရှိတိုက်ပွဲရှောင်စခန်း(၁၁)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac (ပထမအကြိမ်)ထိုးနှံလျက်ရှိ

 

မြေပုံ စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac (ပထမအကြိမ်)တိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်ကာ သတ်မှတ်စုရပ်များ၌ တစ်ပြိုင်တည်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဦး လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ နှင့် စခန်းတာဝန်ခံများတို့ ပူးပေါင်း၍ ကာကွယ်ဆေးထိုးစုရပ်(၁၁)နေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အသက်(၁၈)နှစ်မှ (၆၅)နှစ်အတွင်း တိုက်ပွဲရှောင် စခန်းရှိပြည်သူများအား (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိသည်။

တင်ဝင်း