ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျန်းမာရေးဦးစီးဌာနမှ များများစစ်များများတွေ့ အစီအစဉ်အရ RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေး

ကျောက်ကြီး စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တောပုကျေးရွာအုပ်စု ဇီးကုန်းကျေးရွာနေ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ များများစစ်များများတွေ့ အစီအစဉ်အရ RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုအား မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ စီမံမှုဖြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဇီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမဆောင်၌ ဒေသခံ ကျေးရွာနေ ပြည်သူ (၈၆)ဦးအား RDT Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ ကို စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ (၉)ဦးတွေ့ရှိရ၍ ပိုးတွေ့အတည်ပြုလူနာများအား မုန်းဒေသ စိုက်ပျိုးရေးဦးစီးရုံး အရန်ကုသရေးစင်တာ(၁)သို့ ပို့ဆောင်ပြီး အတူနေ မိသားစုဝင်များအား သက်ဆိုင်ရာ (Facility Quarantine) စခန်းများသို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ်ပြန်/ဆက်