မြင်းမူ ဩဂုတ် ၁၄
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး၊ မန္တလေး-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၄၅/၅ နှင့် ၄၅/၆အကြား၊ ယမန်နေ့ နံနက် ၂ နာရီအချိန်ခန့်က လမ်းမှန်မောင်းနှင်လာသည့် မော်တော်ယာဉ်အား ဆိုင်ကယ်မှ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ မန္တလေးဘက်မှ မုံရွာဘက်သို့ လမ်းမှန်အတိုင်းမောင်းနှင်လာသော TOYOTA အဖြူရောင် (၆) ဘီး ကုန်တင်ယာဉ်အမှတ် YGN 2B- ၏ ရှေ့ညာဘက်ခြမ်းအား၊ မြင်းမူမြို့နယ်၊ ကန်ဖျားကျေးရွာနေ သက်ပိုင်ဦး (ခ) ဗိုက်ပြဲစီးနှင်ပြီး တစ်ရွာတည်း နေ မောင်ခန့်သာ နောက်မှလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်မှ ဝင်တိုက်ခြင်းဖြစ်ကြောင်း၊ ဝင်ရောက်တိုက်မိမှုကြောင့် သက်ပိုင်ဦး(ခ) ဗိုက်ပြဲတွင် ယာပေါင် ထိခိုက်၊ နှာခေါင်းသွေးထွက်၊ မေးပေါက်ပြဲ (စိုးရိမ်ရ)နှင့် နောက်မှလိုက်ပါလာသူ မောင်ခန့်သာ ဝဲနားသွေးထွက်၊ ပါးစပ်သွေးထွက်၊ မျက်နှာဖူးရောင် (စိုးရိမ်ရ) နှစ်ဦးတို့အား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုနှင့်ပါတ်သက်၍ တရားခံအား မြင်းမူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)