သရက်ခရိုင် အောင်လံမြို့၌ ကွန်ကရစ်လမ်းခင်းခြင်း၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် အုတ်ရေမြောင်း ပြုလုပ်နေမှုအားကွင်းဆင်းစစ်ဆေး

အောင်လံ ဩဂုတ် ၁၄

မကွေးတိုင်းဒေကြီး သရက်ခရိုင် အောင်လံမြို့၌မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်ရေ မြောင်း ပြုလုပ်နေမှုအား ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူး တို့သည် အဖွဲ့မှဆောင်ရွက် လျက်ရှိသော လုပ်ငန်းများဆောင်နေမှုများအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုများမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော စျေးကုန်းရပ်ကွက် ကျောင်းစု လမ်း (၁၃၈၀ ပေx ၁၂ ပေx ၈ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် အဖွဲ့မှဆောင်ရွက် လျက်ရှိသော ကန်ကြီးရပ်ကွက် (၅)လမ်း (၈၂၅ ပေx ၁၆ ပေx ၉ လက်မ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ (၅)လမ်းနှင့် လမ်းမတော်လမ်းဆုံ (၅)လမ်းမြောက်ဘက်ခြမ်း (၆၆ ပေx ၄ ပေx ၄ ပေ) ကွန်ကရစ် တံတား တည်ဆောက်နေမှုလုပ်ငန်း၊ (၅)လမ်းနှင့် လမ်းမတော် လမ်းဆုံ လမ်းမတော်လမ်းအနောက်ဘက်ခြမ်း (၃၆ ပေx ၄ ပေx ၄ ပေ) ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ (၅)လမ်းမြောက်ဘက်ခြမ်း (၅၁၀ ပေx ၃ ပေx ၃ ပေ)အုတ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း၊ လမ်းမတော်လမ်း အနောက်ဘက်ခြမ်း (၅)လမ်းနှင့် (၆)လမ်းကြား(၃၂၅ ပေx ၃ ပေx ၃ ပေ) အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် ဆက်လက်၍မွန်းလွဲပိုင်းတွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စက်ရုံရပ်ကွက် စက်မှုလယ်ယာရှေ့ ပြည်လမ်း အရှေ့ဘက်ခြမ်း အုတ်ရေမြောင်း တူဖော်ပြု လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသောအခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)