တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာတွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

ခါမ်းပါတ် သြဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ကနန်စံပြကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

ထိုသို့ပေးအပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလားပက်လျံနာတို့က အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေကျပ် (၂၀၀၀၀) ကို အိမ်ထောင်စုများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကနန်ကျေးရွာတွင် အခြေခံလူတန်းစားအိမ်ထောင်စု (၉၁) စုရှိပြီး ခါမ်းပါတ်မြို့ မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈) အုပ်စုတို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၂၉၅၈) စု ရှိကြောင်းလည်း သိရသည်။

သားငယ် (ပြန်/ဆက်)