သရက်ခရိုင် ဆင်ပေါင်ဝဲမြို့၌ ၂၃၀-ကေဗွီ တောင်တွင်းကြီး-ရွှေတောင်နှစ်ထပ် မဟာဓာတ်အားလိုင်း လုပ်ငန်းတွင်ပျက်စီးဆုံးရှုံးခဲ့သည့်သီးနှံများအတွက် လျော်ကြေးငွေများပေးအပ်

ဆင်ပေါင်ဝဲ   ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့တွင် ၂၃၀-ကေဗွီ တောင်တွင်းကြီး-ရွှေတောင်နှစ်ထပ် မဟာဓာတ်အားလိုင်း လုပ်ငန်းတွင် ပျက်စီးဆုံးရှုံးခဲ့သည့် သီးနှံများအတွက်လျော်ကြေးငွေများပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေထက်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးလင်း တို့က အမှာ စကား ပြောကြားပြီး ဓာတ်အားပို့လွှတ် ရေး စီမံကိန်း(တောင်ပိုင်း)မန်နေဂျာရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးကျော်ဝေ က ၂၃၀-ကေဗွီ တောင်တွင်းကြီး-ရွှေတောင် နှစ်ထပ်မဟာဓာတ်အားလိုင်း ဖြတ်သန်းရာ လမ်းကြောင်းတွင်ပါဝင်သည့် ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိကျေးရွာများမှ တောင်သူများအားပျက်စီးဆုံးရှုံးသီးနှံများအတွက် လျော်ကြေးငွေ ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူ(၁၀၇)ဦးတို့အား ၂၃၀-ကေဗွီတောင်တွင်းကြီး-ရွှေတောင် နှစ်ထပ်မဟာ ဓာတ်အားလိုင်းလုပ်ငန်းတွင် ပျက်စီးခဲ့ သည့်သီးနှံများအတွက်  (၇၁၀၂၃၂၈.၉၇)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)