ဝေါ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဝေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကိုဗစ်-၁၉ ကာလအတွင်း Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ဌေးက ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်ဖြင့်သည့် ရပ်ရွာအေးချမ်းတည်ငြိမ်စေရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဝေါမြို့နယ်ရဲတပ်ဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Quarantine Center များ၊ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်စေရန် ပိုးသတ်ဆေးဖျန်းခြင်း၊ မြို့နယ်ဌာဆိုင်နှင့် ပူးပေါင်းအဖွဲ့ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးထိုးခြင်း၊ နှာခေါင်းစည်း Mask များ ဖြန်ဝေခြင်း၊ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဝေါမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများ အေးချမ်းတည်ငြိမ်စေရန် ပူးပေါင်းဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားခဲ့သည်။
အောင်မြတ်လင်း (ပြန်/ဆက်)