မြေပုံ စက်တင်ဘာ ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးဆေးဒုတိယအကြိမ်ဖြစ် ဆက်လက်ထိုးနှံခြင်းကို သတ်မှတ်ဆေးထိုးစုရပ်(၄)နေရာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြေပုံမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ မြို့နယ်ခန်းမ၊ ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံ၊ သရက်တောင် ကျန်းမာရေးဌာနခွဲနှင့် ပေါက်တူးတောင် ကျန်းမာရေးဌာနခွဲ ကာကွယ်ဆေး ထိုးစုရပ်(၄) နေရာတွင် တစ်ပြိုင်တည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်၊ ဆက်လက်ထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဦးလမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ဆေးထိုးရန် သတ်မှတ်သည့်အတိုင်း ရပ်/ကျေးအုပ်ချုပ်ရေးများနှင့် စာရေးဝန်ထမ်းတို့က နေ့ရက်၊ အချိန်၊ နာရီသတ်မှတ်၍ ပထမအကြိမ်တွင် ကိုဗစ်ကာကွယ် ဆေးထိုးနှံသည့်အတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးစုရပ်(၄)နေရာ၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဒုတိယအကြိမ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဆက်လက်၍ ထိုးနှံလျက်ရှိသည်။
တင်ဝင်းမြို့နယ်(ပြန်/ဆက်)